ကော့သောင်းမြို့မှ ကြိုဆိုပါတယ်

Friday, November 30, 2012

ကန့်ကွက်သူနဲ့ထောက်ခံသူကြားက ကော့သောင်းကျောက်မီးသွေး

"သန့်စင်တဲ့ ကျောက်မီးသွေးဆိုတာ ကမ္ဘာပေါ်မှာ မရှိပါဘူး" ထိုင်း သုတေသီ (ကျောက်မီးသွေး ဆိုးကျိုး) တကယ်လို့ လစ်ဂနိုက် ကျောက်မီးသွေးကို သုံးတာဆိုရင် အရမ်း အန္တာရယ်ကြီးတယ်။ ဆိုးကျိုးတွေလည်း အများကြီးရှိတယ်။ အရင်ဦးဆုံး လေထု ညစ်ညမ်းမယ်။ ဆာလ်ဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်တွေဟာ အသက်ရှုသွင်းလိုက်တဲ့အခါ နှာခေါင်း၊ အဆုတ်ကနေတဆင့် လူရဲ့ အသက်ရှု လမ်းကြောင်းကို ဒုက္ခပေးတယ်။ နောက် စက်ရုံကနေထွက်တဲ့ ရေဆိုးတွေကလည်း ပြဿနာရှိတယ်။ အဲဒီကထွက်တဲ့ အဆမတန်ပူတဲ့ ရေတွေကြောင့် မြစ်၊ ချောင်းနဲ့ ပင်လယ်နေ သက်ရှိတွေကို ဖျက်ဆီးနိုင်တယ်။ လစ်ဂနိုက် ကျောက်မီးသွေး သုံးတာ မဟုတ်ပဲ သန့်စင်- ကျောက်မီးသွေး နည်းပညာလို့ စွမ်းအင် ပညာရှင်တွေ ခေါ်ကြတဲ့ ခေတ်မီ နည်းပညာကို သုံးမယ်ဆိုရင်တောင် လူသားတွေရဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်အတွင် ဆိုးကျိုးနဲ့ အန္တာယ် အများကြီး ရှိတယ်။ သန့်စင်တဲ့ ကျောက်မီးသွေးဆိုတာ ကမ္ဘာပေါ်မှာ မရှိပါဘူး။ နောက်ခေတ်မီိနည်းပညာရဲ့ အကျိုးဆက်တွေ အများကြီး ရှိပါတယ်။ File-particulate လို့ခေါ်တဲ့ စက်ရုံက ထွက်တဲ့ အညစ်အကြေးမှုန်တွေဟာ အရမ်း၊ အရမ်းကို သေးငယ်ပါတယ်။ လူ့ဆံချည်မျှင်ထက်တောင် သေးတယ်။ အဲဒီ အမှုန်တွေကို ကျွန်တော်တို့ ရူမိတဲ့အခါ အသက်ရှုလမ်းကြောင်းကို ဖြတ်သွားပါတယ်။ အဆုတ်ကိုဖြတ်ပြီး သွေးလမ်းကြောင်းထဲကို ရောက်သွားတဲ့အတွက် လူ့ကျန်းမာရေးအတွက် အန္တရာယ် ဖြစ်စေပါတယ်။ ဒုတိယ အဓိကကျတဲ့ ဆိုးကျိုးကတော့ မာကျူရီ၊ ခဲ အစရှိတဲ့ သတ္တုခဲတွေ ထုတ်လုပ်မှုပဲ ဖြစ်တယ်။ ဘယ်လို ခေတ်မီ နည်းပညာရှိတဲ့ ကျောက်မီးသွေးစက်ရုံဆိုပါစေ၊ မာကျူရီတွေ ထုတ်မှာတော့ အမှန်ပဲ။ စက်ရုံကို သေချာ ဆောက်ထားတာ မဟုတ်ဘူးဆိုရင် မာကျူရီတွေ အများကြီး ပိုထုတ်တယ်။ အမေရိကန်မှာ ရှိတဲ့ အကောင်းဆုံး ကျောက်မီးသွေးစက်ရုံတောင်မှ မာကျူရီ ၈ ရာခိုင်နှုန်းလောက် ပတ်ဝန်းကျင်ထဲ ထုတ်နေပါတယ်။ အဲဒီ မာကျူရီတွေက မိုးရေထဲ၊ မြေထဲ၊ ပင်လယ်ထဲနဲ့ ရေနေသတ္တ၀ါတွေထဲထိ ရောက်နိုင်တယ်။ ဥပမာ မာကျူရီ သင့်နေတဲ့ ငါးကို လူတွေက စားတဲ့အခါ လူတွေရဲ့ ခန္ဓာကိုယ်ထဲကိုလည်း ရောက်သွားပြီး အသက်အန္တာရယ် ရှိနိုင်တယ်။
သုတေသီ မစ္စတာဆူဖာခစ် နမ်တဗိုရာခမ် Healthy Public Policy Foundation (HPPF) by Dawei Watch

No comments:

Post a Comment