ကော့သောင်းမြို့မှ ကြိုဆိုပါတယ်

Friday, November 30, 2012

ဒီသင်္ကန်းကိုသေချာသိမ်းထားပါ ကမ္ဘာကျော်မဲ့သင်္ကန်းတွေဖြစ်ပါတယ် ငါ့မှာတောင်ဒီလိုသင်္ကန်းမရှိဘူး တန်ဖိုးဖြန်လို့မရဘူး ဟုမိန့်တော်မူကာ မီးကျွမ်းနေတဲ့ သင်္ကန်းတွေကို သေချာစွာကြည့်ရှု့နေတော်မူပုံ။  
 
သတင်းနှင့်ဓာတ်ပုံ-သလ္လာဝတီတိုင်
မ်း

လက်ပတောင်းကြေးနီစီမံကိန်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

ယနေ့ (နိုဝင်ဘာလ ၂၉ရက် ) ညနေ ၄နာရီတွင် ထုတ်ပြန်ကြေညာခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက် ( ၁၁ / ၂၀၁၂ ) ကို ပယ်ဖျက်ေ ကြာင်း နိုင်ငံတော် သမ္မတရုံး ၀ဘ်ဆိုက်တွင် ဖေါ်ပြထားသည်။ မူလထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက် ၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတော်သမ္မတ ဦးဆောင်၍ ပြည်သူလူထုနှင့် လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မှန်ကန်သော ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားစေရေးအတွက် ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကဏ္ဍများအလိုက် ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများရေးဆွဲ ပြဋ္ဌာန်းပေးလျက်ရှိသည်။ ၂။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ “ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ” ကို ၂၀၁၁ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၅ ဖြင့် (၂-၁၂-၂၀၁၁)ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ဒီမိုကရေစီကျင့်စဉ်အား လေးစားလိုက်နာသော နိုင်ငံသားများ ဖြစ်စေရန်နှင့် ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်စေရန် ပြဋ္ဌာန်းပေးခြင်းဖြစ်သည်။ အဆိုပါဥပဒေနှင့် နည်းဥပဒေများအရ နိုင်ငံသားများ အနေဖြင့် မိမိတို့၏ လိုအင် ဆန္ဒနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခွင့်ရှိသည့် နည်းလမ်းများဖြင့် ဖော်ထုတ်ခွင့်၊ ဟောပြောခွင့်များကိုစနစ်တကျ ဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်သည်။ ၃။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် ယခင်အစိုးရ လက်ထက်မှစ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် သဘာဝသယံဇာတ ထုတ်ယူမှုနည်းလမ်းကို သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ နည်းပညာများ အသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှု အခြေခံ၍ နိုင်ငံတော်အတွက် စီးပွားရေးတွက်ခြေကိုက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိမှု၊ နည်းပညာများ ရရှိမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့ကို စနစ်တကျ တွက်ချက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ကောင်းမွန်သောရည်ရွယ်ချက်များ ရှိနေသည်ကိုမျက်ကွယ်ပြု၍ လူအများအားစည်းရုံးလှုံ့ဆော်ပြီး စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။ ကြေးနီစီမံကိန်း အတွင်းပုဒ်မ ၁၄၄ ထုတ်ပြန်ကြေညာထားသည်ကို သိရှိလျက် သပိတ်စခန်းများ ဖွင့်ခြင်း၊ စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ စီမံကိန်းထောက်ပံ့ရေးစနစ်များကိုဖျက်ဆီးခြင်း၊ ဝန်ထမ်းများကို အနှောက်အယှက်ပေးခြင်းတို့ဖြင့် ဥပဒေနှင့်မညီစွာလူစုလူဝေးနှင့် ဆူပူ ဆန္ဒပြ လာခဲ့သည်။ ၄။ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက စီမံကိန်းနယ်မြေတစ်ဝိုက် ဆန္ဒပြနေသော အဖွဲ့အစည်းအားလုံးသည် ၂၇-၁၁-၂၀၁၂ ရက် ည (၁၂)နာရီတွင် နောက်ဆုံးအချိန် ထားပြီးဖယ်ရှားရှင်းလင်းပေးရန်နှင့် အကယ်၍ ဖယ်ခြားရှင်းလင်းခြင်းမပြုပါကဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီတည်ဆဲဥပဒေများအတိုင်းအဆင့်ဆင့် ဖြေရှင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၂၇-၁၁-၂၀၁၂ ရက်တွင် သတိပေးထုတ်ပြန်ကြေညာခဲ့ သည်။ နောက်ဆုံးထွက်ခွါပေးရန် သတ်မှတ်သည့်အချိန် မတိုင်မီလုံခြုံရေး တပ်ဖွဲ့ဝင်များက အသံချဲ့စက်များဖြင့် လူစုခွဲရန် ကြိမ်ဖန်များစွာမေတ္တာရပ်ခံခဲ့သည့်အပြင်၊ သတ်မှတ်အချိန် ကျော်လွန်သွားခဲ့သည့်တိုင် ထွက်ခွာပေးခြင်းမရှိသည်ကိုထပ်မံ၍ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့သည်။ ၅။ သို့ရာတွင် ဆန္ဒပြသူများသည် အဆိုပါနေရာများမှ ထွက်ခွာပေးခြင်း၊ လူစုခွဲခြင်းမရှိသဖြင့်၂၈-၁၁-၂၀၁၂ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဓိကရုဏ်းနှိမ်နှင်းရေး နည်းစနစ်များ အတိုင်းအဆင့်ဆင့် ရှင်းလင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် အဓိကရုဏ်းနှိမ်နှင်းရေးအတွက် နိုင်ငံတကာက အသုံးပြုလျက်ရှိသော မီးသတ်ပိုက်များ၊ မျက်ရည်ယို ဗုံးများနှင့် မီးခိုးဗုံးများကိုသာအသုံးပြုခဲ့ပြီးအင်အားအလွန်အကျွံ သုံးစွဲ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းသိရှိရသည်။ လူအုပ်စုခွဲခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ပြည်သူ့ဆေးရုံ များတွင် ဒေသဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆေးဝါးကုသပေးလျက်ရှိကြောင်းသိရှိရသည်။ ၆။ ထိုသို့ဆောင်ရွက်ရခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ် ပါသည် Reference and Credit to-Eleven Media Group Posted By Admin-Team(NOM) Email:newsofburma.myanmar@gmail.com

ကန့်ကွက်သူနဲ့ထောက်ခံသူကြားက ကော့သောင်းကျောက်မီးသွေး

"သန့်စင်တဲ့ ကျောက်မီးသွေးဆိုတာ ကမ္ဘာပေါ်မှာ မရှိပါဘူး" ထိုင်း သုတေသီ (ကျောက်မီးသွေး ဆိုးကျိုး) တကယ်လို့ လစ်ဂနိုက် ကျောက်မီးသွေးကို သုံးတာဆိုရင် အရမ်း အန္တာရယ်ကြီးတယ်။ ဆိုးကျိုးတွေလည်း အများကြီးရှိတယ်။ အရင်ဦးဆုံး လေထု ညစ်ညမ်းမယ်။ ဆာလ်ဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်တွေဟာ အသက်ရှုသွင်းလိုက်တဲ့အခါ နှာခေါင်း၊ အဆုတ်ကနေတဆင့် လူရဲ့ အသက်ရှု လမ်းကြောင်းကို ဒုက္ခပေးတယ်။ နောက် စက်ရုံကနေထွက်တဲ့ ရေဆိုးတွေကလည်း ပြဿနာရှိတယ်။ အဲဒီကထွက်တဲ့ အဆမတန်ပူတဲ့ ရေတွေကြောင့် မြစ်၊ ချောင်းနဲ့ ပင်လယ်နေ သက်ရှိတွေကို ဖျက်ဆီးနိုင်တယ်။ လစ်ဂနိုက် ကျောက်မီးသွေး သုံးတာ မဟုတ်ပဲ သန့်စင်- ကျောက်မီးသွေး နည်းပညာလို့ စွမ်းအင် ပညာရှင်တွေ ခေါ်ကြတဲ့ ခေတ်မီ နည်းပညာကို သုံးမယ်ဆိုရင်တောင် လူသားတွေရဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်အတွင် ဆိုးကျိုးနဲ့ အန္တာယ် အများကြီး ရှိတယ်။ သန့်စင်တဲ့ ကျောက်မီးသွေးဆိုတာ ကမ္ဘာပေါ်မှာ မရှိပါဘူး။ နောက်ခေတ်မီိနည်းပညာရဲ့ အကျိုးဆက်တွေ အများကြီး ရှိပါတယ်။ File-particulate လို့ခေါ်တဲ့ စက်ရုံက ထွက်တဲ့ အညစ်အကြေးမှုန်တွေဟာ အရမ်း၊ အရမ်းကို သေးငယ်ပါတယ်။ လူ့ဆံချည်မျှင်ထက်တောင် သေးတယ်။ အဲဒီ အမှုန်တွေကို ကျွန်တော်တို့ ရူမိတဲ့အခါ အသက်ရှုလမ်းကြောင်းကို ဖြတ်သွားပါတယ်။ အဆုတ်ကိုဖြတ်ပြီး သွေးလမ်းကြောင်းထဲကို ရောက်သွားတဲ့အတွက် လူ့ကျန်းမာရေးအတွက် အန္တရာယ် ဖြစ်စေပါတယ်။ ဒုတိယ အဓိကကျတဲ့ ဆိုးကျိုးကတော့ မာကျူရီ၊ ခဲ အစရှိတဲ့ သတ္တုခဲတွေ ထုတ်လုပ်မှုပဲ ဖြစ်တယ်။ ဘယ်လို ခေတ်မီ နည်းပညာရှိတဲ့ ကျောက်မီးသွေးစက်ရုံဆိုပါစေ၊ မာကျူရီတွေ ထုတ်မှာတော့ အမှန်ပဲ။ စက်ရုံကို သေချာ ဆောက်ထားတာ မဟုတ်ဘူးဆိုရင် မာကျူရီတွေ အများကြီး ပိုထုတ်တယ်။ အမေရိကန်မှာ ရှိတဲ့ အကောင်းဆုံး ကျောက်မီးသွေးစက်ရုံတောင်မှ မာကျူရီ ၈ ရာခိုင်နှုန်းလောက် ပတ်ဝန်းကျင်ထဲ ထုတ်နေပါတယ်။ အဲဒီ မာကျူရီတွေက မိုးရေထဲ၊ မြေထဲ၊ ပင်လယ်ထဲနဲ့ ရေနေသတ္တ၀ါတွေထဲထိ ရောက်နိုင်တယ်။ ဥပမာ မာကျူရီ သင့်နေတဲ့ ငါးကို လူတွေက စားတဲ့အခါ လူတွေရဲ့ ခန္ဓာကိုယ်ထဲကိုလည်း ရောက်သွားပြီး အသက်အန္တာရယ် ရှိနိုင်တယ်။
သုတေသီ မစ္စတာဆူဖာခစ် နမ်တဗိုရာခမ် Healthy Public Policy Foundation (HPPF) by Dawei Watch

Online Dictionary

အင်္ဂလိပ်-မြန်မာ နဲ့ မြန်မာ-အင်္ဂလိပ် နှစ်မျိုးလုံး အသုံးပြုနိုင်တဲ့ Dictionary ဝက်ဘ်ဆိုက် လေးတစ်ခုပါ။ ဒီဆိုက်ကို NyiMyanmar1 Font အသုံးပြု ထားပါတယ်။ NyiMyanmar1.TTF Font ကို ဒီဆိုက်ကပဲ Download လုပ်ပြီး မိမိကွန်ပျူတာရဲ့ C:\WINDOWS\Fonts Folder ထဲ ကော်ပီကူးထည့်ရုံနဲ့ မြန်မာလို အသုံးပြုလို့ ရပါတယ်။ မိမိရှာဖွေတဲ့ စာလုံးရဲ့ အသံထွက်ကိုလည်း Audio, Video တို့နဲ့ အလျဉ်းသင့်သလို အသံ/အရုပ် ထွက်ပေးပါတယ်။ စကားလုံးတွေကို အဆင့်ဆင့် ခွဲခြားစိတ်ဖြာပြီး ပြုစုထားတဲ့အတွက် အဘိဓာန် စာအုပ်တစ်အုပ်နဲ့ မခြားနားလှပါဘူး။ အသုံးတည့်ကြမယ်လို့ မျှော်လင့်ပါတယ်။ http://dictionary.all-channel.com မှာ ဒေါင်းလုပ်လုပ်ယူနိုင်ပါတယ်။

အချိုမှုန့်လျှော့စားဖို့လိုလာပြီ

လွန်ခဲ့သည့် (၂)လခန့်က သူငယ်ချင်း ဆရာဝန်တစ်ဦးနှင့် တွေ့ဆုံဖြစ်၍ ၎င်းထံ သို့ လာရောက်ပြသကုသမှုခံယူကြသည့် လူနာများအနက် သက်ငယ်၊ သက်လတ် ပိုင်းများမှာပင် ကင်ဆာမျိုးစုံ၊ ဆီးချို၊ သွေးချို၊ နှလုံးစသည့် ကုသရခက်သော ရောဂါများတစ်နှစ်ထက်တစ်နှစ်တိုးပွားလာ ကြောင်း ပြောပြခဲ့သည်။ တကယ်တော့ ကျွန်တော့်အထင်ပြော ရရင် ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်၌ ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာဖြစ်နေသူတွေ၊ ဆီးချို၊ သွေးချို သွေးတိုးစွဲကပ်နေသူတွေ ကို တွေ့မြင်ရပါပြီ။ ယင်းကဲ့သို့ဖြစ်ရခြင်း မှာ အစားအသောက်များနှင့်လည်း သက်ဆိုင်သည်။ အထူးသဖြင့် အချိုမှုန့် နှင့် ဆက်နွယ်နေကြောင်း ကျန်းမာရေး ဆိုင်ရာဆေးသုတေသနပညာရှင်များက ထုတ်ဖော်ခဲ့ကြသလိုကျန်းမာရေးဦးစီးဌာန မှလည်း အချိုမှုန့်စားသုံးခြင်းဖြင့်အန္တရာယ် ရှိကြောင်း အတိအလင်းထုတ်ဖော်၍ အသုံးမပြုရန် တားမြစ်သော်လည်း အချို မှုန့်သုံးစွဲမှုက အိမ်ရှင်မအများစုကြားဝယ် ကုသရန်ခက်ခဲသော နာတာရှည်ရောဂါ သဖွယ်အမြစ်တွယ်နေသည်မှာ တကယ့် စိတ်မကောင်းစရာဖြစ်နေသည်။ ကျွန်တော်တို့ ဘိုးဘွားဘီဘင်များ လက်ထက်က အချိုမှုန့်ကို အသုံးမပြုကြ သေးသည့်အတွက် ဟင်းချက်ရာတွင် နနွင်း၊ ဆား၊ ငရုတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကိုသာ အဓိကအားထား ၍ သုံးကြသည်။ ထို့ကြောင့် စားသုံးနေ ကြဖြစ်သော်လည်း ကောင်းနေသည်ပင် ဖြစ်သည်။ ပြီးတော့ မြန်မာ့ရိုးရာဟင်းချက် ရာတွင် ပါဝင်သည့် အရန်ပစ္စည်းတစ်ခုစီ ၏ အာနိသင်ကို ပြန်ကြည့်သောအခါတွင် လည်း ငရုတ်သီးက သင့်တော်ရုံစားလျှင် ခံတွင်းလိုက်သည်။ မျက်စိနှင့် အရေပြား ကို ကောင်းမွန်ချောမွေ့စေသည်။ ဆားက ၀မ်းသန့်ရန် အထောက်အကူပြုပြန်သည်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူက သွေးသား သန့်စင်ခြင်း၊ သွေးတွင်းအဆီကျစေခြင်း၊ ခွန်အားတိုးပွားစေခြင်းတို့ကို ဖြစ်စေ သည်။ ယခုတော့ အချိုမှုန့်က၀င်၍ နေရာ ယူလာချေပြီ။ အချိုမှုန့်များကိုလည်း ယခင် က အာဂျီနိုမိုတို၊ ဇွန်း၊ စံပယ်တံဆိပ်တို့ကို အသုံးပြုရာမှ ယခုအခါ တရုတ်နိုင်ငံမှ ၀င်သည့် အချိုမှုန့်ကိုသာ သုံးစွဲမှုများပြား လာပေသည်။ ထိုအချိန်မှုန့်များကို တင်သွင်း သူများက အချိုမှုန့်ဟုမရေးကြတဲ့ အလွတ်ဆံ၊ ဟင်းခတ်မှုန့်လို့ခေါ်ဆိုကြပြီးတင်သွင်း သည့်အိတ်များမှာလည်း ပေါင်ထုပ်တွေ မလာဘဲ တံဆိပ်မပါ (၂) တင်းဝင်အိတ်၊ (၃) တင်းဝင်အိတ်နှင့် ၀င်လာပြီး ပိဿာချိန်နှင့် ရောင်းချကြသလို တစ်ရာထုပ်၊ နှစ်ရာထုပ်အစားစားရောင်းချလာကြသည် ကို တွေ့မြင်ရလေသည်။ ကျွန်တော်တို့မြန်မာလူမျိုးများ အချိုမှုန့်မပါရင် မစားတတ်သလိုဖြစ်နေ ကြတာကတော့ ဘယ်သူမှငြင်းပယ်လို့ရ မယ်မထင်ပါဘူး။ မူလကပင် အရသာရှိ ပြီး ဟင်းလျာများဖြစ်သော ကြက်သား၊ ၀က်သားတို့ကိုပင် အချိုမှုန့်နှင့် နှပ်ချက် ရာမှ အရသာရှိသည်ဟု ထင်နေကြသည်။ ထို့အပြင် အသုပ်မျိုးစုံနှင့် ငပိရည်ဖျော် ရာမှပင် အချိုမှုန့်ကမလွတ်၊ ထိုအချိုမှုန့် ကို မည်သည့်နည်းစနစ်ဖြင့်၊ မည်သည်ဓာ တုပစ်္စည်းများ ဖွဲ့စည်းထားသည်ကိုလည်း လေ့လာမှုမရှိကြ၊ သိလည်းမသိကြ။ သို့သော်လည်း ကျွန်တော်တို့ ကောလင်း၊ ၀န်းသို၊ ပင်လည်ဘူးဒေသကလူအချို့သည် အ၀တ်အစားများ ဖားဥစွဲခြင်း၊ ကွမ်းသွေး၊ သံချေးများအစွန်းထင်ပါက ဒီဇယ်၊ ဓာတ် ဆီများနှင့် အချိုမှုန့်ကိုရော၍ အစွန်းချွတ် ဆေးအဖြစ်သုံးစွဲနေကြသလို အချို့တောင် သူများသည် မြေပဲခင်းများတွင် မြေပဲဥကြီး ထွားပြီး အထွက်နှုန်းတိုးစေရန် မြေပဲဆံ နှင့် ဟင်းချိုမှုန့်ရောနှော၍ မြေပဲခင်းများ ၌ စိုက်ပျိုးကြကြောင်း ဒေသခံများပြောဆို နေသံများကို စုံစမ်းသိရှိရသည့်အတွက် အချိုမှုန့်ကိုသုံးစွဲရမှာများစွာတုန်လှုပ်ကြောက် ရွံ့မိနေတော့သည်။ မည်သူကနည်းပညာ ပေး၍ သုံးစွဲနေလေသည့်မသိ။ အချိန်မှုန့်စားသုံးမှုနှင့် ပတ်သက်၍ သေချာစွာစစ်တမ်းကောက်ယူသုတေသန ပြုကြည့်ပါက ကမ္ဘာပေါ်ရှိအချိုမှုန့်အစား ဆုံးနိုင်ငံထဲတွင် မြန်မာနိုင်ငံသည် ပါနေ မလားမပြောတတ်။ အချိုမှုန့်၏ မူလပိုင် ရှင်မှာ ဂျပန်နိုင်ငံဖြစ်ပြီး ဂျပန်နိုင်ငံမှ ထုတ်လုပ်သည့် အာဂျီနိုမိုတိုအချိုမှုန့်မှာ လည်း နာမည်ကြီးလှသည်။ သို့သော် ထိုအချိုမှုန့်ကို ဂျပန်နိုင်ငံတွင် စားသုံးသူ နည်းပါးကြောင်း ယခုလက်ရှိဟင်းချိုမှုန့် အများဆုံးတင်သွင်းထုတ်လုပ်သည့်နိုင်ငံ သည်တရုတ်နိုင်ငံပင်ဖြစ်သည်။ တရုတ်နိုင်ငံလူမျိုးအချို့သည် ကျွန်တော်တို့ ကောလင်း၊ ၀န်းသို၊ ပင်လည် ဘူးဒေသသို့ ရွှေလုပ်ငန်းများနှင့် ပတ်သက် ၍ မကြာခဏ လာရောက်လေ့လာကြ သည်ဖြစ်ရာ ထိုသို့လာရောက်စဉ်ကျွန်တော် တို့နှင့် မိတ်ဆွေဖြစ်ပြီးကောလင်းမြို့ပေါ် တွင် ဆုံတွေ့တိုင်းစားသောက်ဆိုင်များတွင် ဧည့်ခံကျွေးမွေးခဲ့ရာစားသောက်မည့် ဟင်းများကို အချိုမှုန့်လုံးဝမထည့်ရန် မှာကြားသည့်အတွက် အဘယ့်ကြောင့် သူတို့နိုင်ငံမှ ထုတ်လုပ်သော အချိုမှုန့်ကို ဘာကြောင့်မစားရသလဲဆိုတာ စားသောက်ရင်းနှင့်ပင် တွေးတောစရာ ဖြစ်နေပြန်သည်။ အချိုမှုန့်စားသုံးမှုလွန်ကဲ လာပါက ယမကာ၊ ဆေးလိပ်သောက်သူများ ကဲ့သို့ကောက်ခါငင်ကာချက်ချင်းလက် ငင်းမခံစားရလို့ဘဲ ဆက်လက်သုံးစွဲနေ ဟန်တူပါသည်။ အချိုမှုန့်ကို စီးပွားရေး ဈေးကွက်အမြင်ရှိသူများက မည်သို့ပင် တင်သွင်းရောင်းချစေကာမူ စားသုံးသူများ ဘက်ကသာ အသိတရားနှင့် ဆင်ခြင်ရ ပေလိမ့်မည်။ အထူးသဖြင့် စားဖိုဆောင် သခင်အိမ်ရှင်မများအနေဖြင့် မိသားစု ကျန်းမာရေးအတွက် အလေးထားပြီး အချိုမှုန့်ကို လျှော့စားဖို့လိုလာပြီဟု ဆို ချင်ပါသည်။

“လက်ပန်းတောင်းတောင်စီမံကိန်းကြီးရပ်ဆိုင်းရေးအတွက် ဆန္ဒပြနေသော ရဟန်းရှင်လူပြည်သူများကို သက်ဆိုင်ရာက အကြမ်းဖက်နှိမ်းနင်းလိုက်ပြီ ”

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအ တွက် ဆန္ဒပြနေကြသော သပိတ်စခန်း(၆)ခုမှ ရဟန်းရှင်လူပြည်သူလူထုနှင့် လက်ပန်းတောင်းတောင်စီမံကိန်း ဧရိယာအနီးရှိ (၂၆)ရွာမှဒေသခံများကို သက်ဆိုင်ရာက လူအင်အား လက်နက်အင်အားသုံး၍ ဖြိုခွင်းနှိမ်နင်း လိုက်ပြီးဖြစ်ကြောင်းသိရသည်။ “နံနက်(၃)နာရီခန့်မှာ အခုလိုစတင်ပြီး ရဲတပ်ဖွဲဝင်တွေဆောင်ရွက်လိုက်တာပါ။စစခြင်း မီးသတ်ကားနဲ့ ရေအားသုံးဖြိုခွဲတယ်။အဲဒါပြီးတော့မှ မီးလောင်ဗုံးခွဲတာပါ။ ၀မ်ပေါင်ကုမ္ပဏီ ရုံးရှေ့က သပိတ်စခန်းကို စတင်ပြီး ဖြိုခွဲပါတယ်။ အဲဒါပြီးတော့ တစ်ဆက်တည်း မှာဘဲ လက်ပန်းတောင်းတောင်စီမံကိန်းဧရိယာအတွင်မှာရှိတဲ့ ဆရာ တော်သံဃာတော်တွေနဲ့ဒေသခံတွေ ရှိနေတဲ့ သပိတ်စခန်းတွေကို လည်း ၀မ်ပေါင်ကုမ္ပဏီရှေ့မှာ ရှိနေတဲ့ သပိတ်စခန်းများနည်းတူ ဖြိုခွဲလိုက်ပါတယ်။ အခုလို ဆန္ဒပြမှုကို အာဏာပိုင်တွေဘက်ကနေ လက်နက်အင်အား လူအင်အားတွေ အစွမ်းကုန်သုံးပြီး ဖြိုခွင်းခဲ့သော်လည်း ဆန္ဒပြ ရဟန်းရှင်လူပြည်သူများဘက်ကတော့ ပြန်လည်ပြီး တိုက်ခိုက်တာမျိုးတွေ လုံးဝမရှိခဲ့ဘဲ အေးအေးချမ်းချမ်းနဲ့ လူစုခွဲခဲ့ကြပါတယ်။လူစုခွဲပြီး အေးအေးဆေးဆေးပြန်လည်ပြီးထွက်ခွာ လာခဲ့ကြတဲ့ ဆရာတော် သံဃာတော်တွေ ပြည်သူတွေကို ရဲတပ်ဖွဲ့က နေလိုက်လံပြီး ခြောက်လှန့် ရိုက်နှက် တာတွေပြုလုပ်လို့ အိမ်ပြန်မရောက်ဘဲ လမ်းသင့်ရာကိုထွက်ပြေးကြရတယ်”လို့ အဆိုပါဆန္ဒပြမှုတွင်ပါဝင် ခဲ့သူတစ်ဦးကဆိုပါတယ်။ ဆန္ဒပြသူတွေထဲမှာ ပြည်သူလူထုအထိအခိုက်များရှိခဲ့ပြီး ရဟန်း သာမဏေများမှာထိခိုက်မှု ပိုမိုပြင်း ထန်ခဲ့တယ်လို့လည်းသိရပါတယ်။(ဖော်ပြပါပုံမှာ ဒဏ်ရာရရှိသွားသော ရဟန်းတစ်ပါး၏ပုံဖြစ်ပါသည်။ 
စိုးမိုးထွန်း(မုံရွာ)
.

မိုဘိုင်းဖုန်းများ အင်တာနက်သုံးစွဲမှုကို Time Based Charging စနစ်ကို ဆက်လက်သုံးစွဲမည့် အစီအစဉ်ကြေညာခြင်း

Browse › Home › မြန်မာ့သတင်း » မိုဘိုင်းဖုန်းများ အင်တာနက်သုံးစွဲမှုကို Time Based Charging စနစ်ကို ဆက်လက်သုံးစွဲမည့် အစီအစဉ်ကြေညာခြင်း ယနေ့ 30-11-2012 ရက်နေ့တွင် မီဒီယာများနှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတို့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုနှင့် ပြည်သူလူထု မိုဘိုင်းဖုန်း အင်တာနက်ကို ဈေးနှုန်း သက်သာစွာနှင့် ပိုမို တွင်ကျယ်စွာ အသုံးပြုနိုင် ရေးတို့ အတွက် ယခုကြေညာထားသည့် Volume Based Charging စနစ်ထက် ပိုမိုကောင်းမွန်စွာနှင့် ဈေးနှုန်း သက်သာစွာ သုံးစွဲနိုင်မည့် နည်းလမ်းများကို အသေး စိတ်ထပ်မံ စိစစ်လျက်ရှိပါသည်။ သို့ပါ၍ ယင်းသို့စိစစ်နေစဉ်အတွင်း လက်ရှိအသုံးပြုနေသည့် Time Based Charging စနစ်ကိုသာ ဆက်လက်သုံးစွဲသွားမည်ဖြစ်ပါသည်။ အသေးစိတ် ထပ်မံစိစစ်ရရှိသည့် နှုန်းထားသစ်ကို 1-1-2013 ရက်နေ့မှ စ၍ အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း