ကော့သောင်းမြို့မှ ကြိုဆိုပါတယ်

Sunday, December 2, 2012

Saturday, December 1, 2012

လာဘ်ပေးလာဘ်ယူမှုများ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသို့ တိုင်ကြားနိုင်

ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေဖြင့် အစိုးရဌာနဆိုင်ရာများ၏ လာဘ်ပေးလာဘ်ယူမှုများ၊ စီးပွားရေးဆိုင်ရာပြစ်မှုများကို ဖော်ထုတ်အရေးယူဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် ယနေ့(နိုဝင်ဘာ ၃၀)မှ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်


"ကျွန်တော်တို့ဌာနအနေနဲ့ အရင်တည်းက ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နေတာပါ။ အခု အစိုးရသစ်လက်ထက်မှာတော့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်နဲ့ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်နိုင်အောင်၊ ပြည်သူတွေ ပိုပြီးပါဝင်လာအောင် သတင်းစာကနေတစ်ဆင့် ကြေညာတာပါ"ဟု အဆိုပါပုဂ္ဂိုလ်ကပြောသည်။

၎င်းတို့ဌာနအနေဖြင့် လာဘ်ပေးလာဘ်ယူမှုများကို စုံစမ်းဖော်ထုတ်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာများသာမက အခြားအစိုးရဌာနဆိုင်ရာများ အားလုံးကိုပါ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ပါက စုံစမ်းစစ်ဆေးသွားမည်ဟုဆိုသည်။

ပြည်သူများအနေဖြင့် အစိုးရရုံးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် လာဘ်ပေးလာဘ်ယူမှုများ ပေါ်ပေါက်လာပါက ညွှန်ကြားရေးမှူးချုပ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဖုန်း-၀၆၇-၄၃၁၃၇၀၊ ပြည်ထဲရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဖုန်း-၀၉-၈၃၀၂၆၀၁၊ ၀၆၇-၄၁၂၃၁၈ သို့ အထောက်အထား အချက်အလက်ပြည့်စုံစွာဖြင့် တိုင်ကြားနိုင်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

“ နိုင်ငံသား စိစစ်ရေး ကဒ်များ ထိုင်းဘတ်ငွေဖြင့် တရားမ၀င် ထုတ်ပေးနေ” (ပေးစာ)

 ကျွန်တော်တို့ မြန်မာနိုင်ငံတွင် လူဝင်မှု လူမျိုးရေးနှင့် ပက်သက်ပြီး အကြီးကျယ်ပြသနာ တက်နေချိန်တွင် ကော့သောင်းမြို့ ရှိ လဝကဦးစီးမှူးစိုးမြင့်ထွန်း ဦးဆောင်တဲ့ ရုံးအ
ဖွဲ့ များသည် မည်သည့် လူမျိုးဖြစ်စေ ကြိုက်တဲ့ လူလာ အိမ်ထောင်စု မရှိသူဆိုလျှင်ဘတ်ငွေ(၃၅၀၀)၊ အိမ်ထောင်စုရှိပြီး လူဆိုလျှင် ဘတ်ငွေ(၁၀၀၀) ဖြင့်ဒီနေ့ ငွေပေး မနက်ဖြန်မှတ်ပုံတင်ရအမြန်လုပ်ပေးနေပါသည်။ ယခုဆိုလျှင် ကော့သောင်းနှင့်ရနောင်းနယ်စပ်ရှိ အိမ်ထောင်စု မရှိသူ ပရှူးမွတ်စလင် အများအပြား အလုံးရင်းဖြင့်လုပ်နေကြပါသည်။ အခြားမြို့ များတွင်ရှိ လူများသည်လည်း ထိုင်းနိုင်ငံသို့ အထွက်လွယ်ကူစေရန် ကော့သောင်းမှတ်ပုံတင်ကို ငွေနှင့်ဓတ်ပုံလှမ်းပို့ ၍ လုပ်နေကြပါသည်။
ယင်ကိစ္စနှင့်ပက်သက်၍ ကော့သောင်းမြို့ ရှိမည့်သူ့ ကိုမဆိုဆက်သွယ် မေးမြန်းနိုင်ပါသည်။ ဤလို နေရာမျိုးတွင် ယခုကဲ့သို့ ဝန်ထမ်းများရှိနေခြင်းမှာ တိုင်းပြည်အတွက် တကယ်ကြီးမားသော အန္တရာယ် တစ်ခု ဖြစ်ပါသောကြောင့် အချိန်မီ ကာကွယ်တားဆီးသင့်ကြောင်းနိုင်ငံတော် အကြီးကဲများအား လေးစားစွာ ပန်ကြားအပ်ပါသည်။
လေးစားစွာဖြင့်
ကော့သောင်းမြို့ ခံတစ်ဦး။