ကော့သောင်းမြို့မှ ကြိုဆိုပါတယ်

Saturday, December 1, 2012

လာဘ်ပေးလာဘ်ယူမှုများ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသို့ တိုင်ကြားနိုင်

ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေဖြင့် အစိုးရဌာနဆိုင်ရာများ၏ လာဘ်ပေးလာဘ်ယူမှုများ၊ စီးပွားရေးဆိုင်ရာပြစ်မှုများကို ဖော်ထုတ်အရေးယူဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် ယနေ့(နိုဝင်ဘာ ၃၀)မှ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်


"ကျွန်တော်တို့ဌာနအနေနဲ့ အရင်တည်းက ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နေတာပါ။ အခု အစိုးရသစ်လက်ထက်မှာတော့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်နဲ့ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်နိုင်အောင်၊ ပြည်သူတွေ ပိုပြီးပါဝင်လာအောင် သတင်းစာကနေတစ်ဆင့် ကြေညာတာပါ"ဟု အဆိုပါပုဂ္ဂိုလ်ကပြောသည်။

၎င်းတို့ဌာနအနေဖြင့် လာဘ်ပေးလာဘ်ယူမှုများကို စုံစမ်းဖော်ထုတ်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာများသာမက အခြားအစိုးရဌာနဆိုင်ရာများ အားလုံးကိုပါ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ပါက စုံစမ်းစစ်ဆေးသွားမည်ဟုဆိုသည်။

ပြည်သူများအနေဖြင့် အစိုးရရုံးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် လာဘ်ပေးလာဘ်ယူမှုများ ပေါ်ပေါက်လာပါက ညွှန်ကြားရေးမှူးချုပ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဖုန်း-၀၆၇-၄၃၁၃၇၀၊ ပြည်ထဲရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဖုန်း-၀၉-၈၃၀၂၆၀၁၊ ၀၆၇-၄၁၂၃၁၈ သို့ အထောက်အထား အချက်အလက်ပြည့်စုံစွာဖြင့် တိုင်ကြားနိုင်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

No comments:

Post a Comment