ကော့သောင်းမြို့မှ ကြိုဆိုပါတယ်

Sunday, December 2, 2012

Saturday, December 1, 2012

လာဘ်ပေးလာဘ်ယူမှုများ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသို့ တိုင်ကြားနိုင်

ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေဖြင့် အစိုးရဌာနဆိုင်ရာများ၏ လာဘ်ပေးလာဘ်ယူမှုများ၊ စီးပွားရေးဆိုင်ရာပြစ်မှုများကို ဖော်ထုတ်အရေးယူဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် ယနေ့(နိုဝင်ဘာ ၃၀)မှ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်


"ကျွန်တော်တို့ဌာနအနေနဲ့ အရင်တည်းက ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နေတာပါ။ အခု အစိုးရသစ်လက်ထက်မှာတော့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်နဲ့ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်နိုင်အောင်၊ ပြည်သူတွေ ပိုပြီးပါဝင်လာအောင် သတင်းစာကနေတစ်ဆင့် ကြေညာတာပါ"ဟု အဆိုပါပုဂ္ဂိုလ်ကပြောသည်။

၎င်းတို့ဌာနအနေဖြင့် လာဘ်ပေးလာဘ်ယူမှုများကို စုံစမ်းဖော်ထုတ်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာများသာမက အခြားအစိုးရဌာနဆိုင်ရာများ အားလုံးကိုပါ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ပါက စုံစမ်းစစ်ဆေးသွားမည်ဟုဆိုသည်။

ပြည်သူများအနေဖြင့် အစိုးရရုံးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် လာဘ်ပေးလာဘ်ယူမှုများ ပေါ်ပေါက်လာပါက ညွှန်ကြားရေးမှူးချုပ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဖုန်း-၀၆၇-၄၃၁၃၇၀၊ ပြည်ထဲရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဖုန်း-၀၉-၈၃၀၂၆၀၁၊ ၀၆၇-၄၁၂၃၁၈ သို့ အထောက်အထား အချက်အလက်ပြည့်စုံစွာဖြင့် တိုင်ကြားနိုင်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

“ နိုင်ငံသား စိစစ်ရေး ကဒ်များ ထိုင်းဘတ်ငွေဖြင့် တရားမ၀င် ထုတ်ပေးနေ” (ပေးစာ)

 ကျွန်တော်တို့ မြန်မာနိုင်ငံတွင် လူဝင်မှု လူမျိုးရေးနှင့် ပက်သက်ပြီး အကြီးကျယ်ပြသနာ တက်နေချိန်တွင် ကော့သောင်းမြို့ ရှိ လဝကဦးစီးမှူးစိုးမြင့်ထွန်း ဦးဆောင်တဲ့ ရုံးအ
ဖွဲ့ များသည် မည်သည့် လူမျိုးဖြစ်စေ ကြိုက်တဲ့ လူလာ အိမ်ထောင်စု မရှိသူဆိုလျှင်ဘတ်ငွေ(၃၅၀၀)၊ အိမ်ထောင်စုရှိပြီး လူဆိုလျှင် ဘတ်ငွေ(၁၀၀၀) ဖြင့်ဒီနေ့ ငွေပေး မနက်ဖြန်မှတ်ပုံတင်ရအမြန်လုပ်ပေးနေပါသည်။ ယခုဆိုလျှင် ကော့သောင်းနှင့်ရနောင်းနယ်စပ်ရှိ အိမ်ထောင်စု မရှိသူ ပရှူးမွတ်စလင် အများအပြား အလုံးရင်းဖြင့်လုပ်နေကြပါသည်။ အခြားမြို့ များတွင်ရှိ လူများသည်လည်း ထိုင်းနိုင်ငံသို့ အထွက်လွယ်ကူစေရန် ကော့သောင်းမှတ်ပုံတင်ကို ငွေနှင့်ဓတ်ပုံလှမ်းပို့ ၍ လုပ်နေကြပါသည်။
ယင်ကိစ္စနှင့်ပက်သက်၍ ကော့သောင်းမြို့ ရှိမည့်သူ့ ကိုမဆိုဆက်သွယ် မေးမြန်းနိုင်ပါသည်။ ဤလို နေရာမျိုးတွင် ယခုကဲ့သို့ ဝန်ထမ်းများရှိနေခြင်းမှာ တိုင်းပြည်အတွက် တကယ်ကြီးမားသော အန္တရာယ် တစ်ခု ဖြစ်ပါသောကြောင့် အချိန်မီ ကာကွယ်တားဆီးသင့်ကြောင်းနိုင်ငံတော် အကြီးကဲများအား လေးစားစွာ ပန်ကြားအပ်ပါသည်။
လေးစားစွာဖြင့်
ကော့သောင်းမြို့ ခံတစ်ဦး။

Friday, November 30, 2012

ဒီသင်္ကန်းကိုသေချာသိမ်းထားပါ ကမ္ဘာကျော်မဲ့သင်္ကန်းတွေဖြစ်ပါတယ် ငါ့မှာတောင်ဒီလိုသင်္ကန်းမရှိဘူး တန်ဖိုးဖြန်လို့မရဘူး ဟုမိန့်တော်မူကာ မီးကျွမ်းနေတဲ့ သင်္ကန်းတွေကို သေချာစွာကြည့်ရှု့နေတော်မူပုံ။  
 
သတင်းနှင့်ဓာတ်ပုံ-သလ္လာဝတီတိုင်
မ်း

လက်ပတောင်းကြေးနီစီမံကိန်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

ယနေ့ (နိုဝင်ဘာလ ၂၉ရက် ) ညနေ ၄နာရီတွင် ထုတ်ပြန်ကြေညာခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက် ( ၁၁ / ၂၀၁၂ ) ကို ပယ်ဖျက်ေ ကြာင်း နိုင်ငံတော် သမ္မတရုံး ၀ဘ်ဆိုက်တွင် ဖေါ်ပြထားသည်။ မူလထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက် ၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတော်သမ္မတ ဦးဆောင်၍ ပြည်သူလူထုနှင့် လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မှန်ကန်သော ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားစေရေးအတွက် ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကဏ္ဍများအလိုက် ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများရေးဆွဲ ပြဋ္ဌာန်းပေးလျက်ရှိသည်။ ၂။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ “ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ” ကို ၂၀၁၁ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၅ ဖြင့် (၂-၁၂-၂၀၁၁)ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ဒီမိုကရေစီကျင့်စဉ်အား လေးစားလိုက်နာသော နိုင်ငံသားများ ဖြစ်စေရန်နှင့် ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်စေရန် ပြဋ္ဌာန်းပေးခြင်းဖြစ်သည်။ အဆိုပါဥပဒေနှင့် နည်းဥပဒေများအရ နိုင်ငံသားများ အနေဖြင့် မိမိတို့၏ လိုအင် ဆန္ဒနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခွင့်ရှိသည့် နည်းလမ်းများဖြင့် ဖော်ထုတ်ခွင့်၊ ဟောပြောခွင့်များကိုစနစ်တကျ ဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်သည်။ ၃။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် ယခင်အစိုးရ လက်ထက်မှစ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် သဘာဝသယံဇာတ ထုတ်ယူမှုနည်းလမ်းကို သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ နည်းပညာများ အသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှု အခြေခံ၍ နိုင်ငံတော်အတွက် စီးပွားရေးတွက်ခြေကိုက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိမှု၊ နည်းပညာများ ရရှိမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့ကို စနစ်တကျ တွက်ချက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ကောင်းမွန်သောရည်ရွယ်ချက်များ ရှိနေသည်ကိုမျက်ကွယ်ပြု၍ လူအများအားစည်းရုံးလှုံ့ဆော်ပြီး စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။ ကြေးနီစီမံကိန်း အတွင်းပုဒ်မ ၁၄၄ ထုတ်ပြန်ကြေညာထားသည်ကို သိရှိလျက် သပိတ်စခန်းများ ဖွင့်ခြင်း၊ စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ စီမံကိန်းထောက်ပံ့ရေးစနစ်များကိုဖျက်ဆီးခြင်း၊ ဝန်ထမ်းများကို အနှောက်အယှက်ပေးခြင်းတို့ဖြင့် ဥပဒေနှင့်မညီစွာလူစုလူဝေးနှင့် ဆူပူ ဆန္ဒပြ လာခဲ့သည်။ ၄။ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက စီမံကိန်းနယ်မြေတစ်ဝိုက် ဆန္ဒပြနေသော အဖွဲ့အစည်းအားလုံးသည် ၂၇-၁၁-၂၀၁၂ ရက် ည (၁၂)နာရီတွင် နောက်ဆုံးအချိန် ထားပြီးဖယ်ရှားရှင်းလင်းပေးရန်နှင့် အကယ်၍ ဖယ်ခြားရှင်းလင်းခြင်းမပြုပါကဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီတည်ဆဲဥပဒေများအတိုင်းအဆင့်ဆင့် ဖြေရှင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၂၇-၁၁-၂၀၁၂ ရက်တွင် သတိပေးထုတ်ပြန်ကြေညာခဲ့ သည်။ နောက်ဆုံးထွက်ခွါပေးရန် သတ်မှတ်သည့်အချိန် မတိုင်မီလုံခြုံရေး တပ်ဖွဲ့ဝင်များက အသံချဲ့စက်များဖြင့် လူစုခွဲရန် ကြိမ်ဖန်များစွာမေတ္တာရပ်ခံခဲ့သည့်အပြင်၊ သတ်မှတ်အချိန် ကျော်လွန်သွားခဲ့သည့်တိုင် ထွက်ခွာပေးခြင်းမရှိသည်ကိုထပ်မံ၍ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့သည်။ ၅။ သို့ရာတွင် ဆန္ဒပြသူများသည် အဆိုပါနေရာများမှ ထွက်ခွာပေးခြင်း၊ လူစုခွဲခြင်းမရှိသဖြင့်၂၈-၁၁-၂၀၁၂ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဓိကရုဏ်းနှိမ်နှင်းရေး နည်းစနစ်များ အတိုင်းအဆင့်ဆင့် ရှင်းလင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် အဓိကရုဏ်းနှိမ်နှင်းရေးအတွက် နိုင်ငံတကာက အသုံးပြုလျက်ရှိသော မီးသတ်ပိုက်များ၊ မျက်ရည်ယို ဗုံးများနှင့် မီးခိုးဗုံးများကိုသာအသုံးပြုခဲ့ပြီးအင်အားအလွန်အကျွံ သုံးစွဲ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းသိရှိရသည်။ လူအုပ်စုခွဲခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ပြည်သူ့ဆေးရုံ များတွင် ဒေသဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆေးဝါးကုသပေးလျက်ရှိကြောင်းသိရှိရသည်။ ၆။ ထိုသို့ဆောင်ရွက်ရခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ် ပါသည် Reference and Credit to-Eleven Media Group Posted By Admin-Team(NOM) Email:newsofburma.myanmar@gmail.com

ကန့်ကွက်သူနဲ့ထောက်ခံသူကြားက ကော့သောင်းကျောက်မီးသွေး

"သန့်စင်တဲ့ ကျောက်မီးသွေးဆိုတာ ကမ္ဘာပေါ်မှာ မရှိပါဘူး" ထိုင်း သုတေသီ (ကျောက်မီးသွေး ဆိုးကျိုး) တကယ်လို့ လစ်ဂနိုက် ကျောက်မီးသွေးကို သုံးတာဆိုရင် အရမ်း အန္တာရယ်ကြီးတယ်။ ဆိုးကျိုးတွေလည်း အများကြီးရှိတယ်။ အရင်ဦးဆုံး လေထု ညစ်ညမ်းမယ်။ ဆာလ်ဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်တွေဟာ အသက်ရှုသွင်းလိုက်တဲ့အခါ နှာခေါင်း၊ အဆုတ်ကနေတဆင့် လူရဲ့ အသက်ရှု လမ်းကြောင်းကို ဒုက္ခပေးတယ်။ နောက် စက်ရုံကနေထွက်တဲ့ ရေဆိုးတွေကလည်း ပြဿနာရှိတယ်။ အဲဒီကထွက်တဲ့ အဆမတန်ပူတဲ့ ရေတွေကြောင့် မြစ်၊ ချောင်းနဲ့ ပင်လယ်နေ သက်ရှိတွေကို ဖျက်ဆီးနိုင်တယ်။ လစ်ဂနိုက် ကျောက်မီးသွေး သုံးတာ မဟုတ်ပဲ သန့်စင်- ကျောက်မီးသွေး နည်းပညာလို့ စွမ်းအင် ပညာရှင်တွေ ခေါ်ကြတဲ့ ခေတ်မီ နည်းပညာကို သုံးမယ်ဆိုရင်တောင် လူသားတွေရဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်အတွင် ဆိုးကျိုးနဲ့ အန္တာယ် အများကြီး ရှိတယ်။ သန့်စင်တဲ့ ကျောက်မီးသွေးဆိုတာ ကမ္ဘာပေါ်မှာ မရှိပါဘူး။ နောက်ခေတ်မီိနည်းပညာရဲ့ အကျိုးဆက်တွေ အများကြီး ရှိပါတယ်။ File-particulate လို့ခေါ်တဲ့ စက်ရုံက ထွက်တဲ့ အညစ်အကြေးမှုန်တွေဟာ အရမ်း၊ အရမ်းကို သေးငယ်ပါတယ်။ လူ့ဆံချည်မျှင်ထက်တောင် သေးတယ်။ အဲဒီ အမှုန်တွေကို ကျွန်တော်တို့ ရူမိတဲ့အခါ အသက်ရှုလမ်းကြောင်းကို ဖြတ်သွားပါတယ်။ အဆုတ်ကိုဖြတ်ပြီး သွေးလမ်းကြောင်းထဲကို ရောက်သွားတဲ့အတွက် လူ့ကျန်းမာရေးအတွက် အန္တရာယ် ဖြစ်စေပါတယ်။ ဒုတိယ အဓိကကျတဲ့ ဆိုးကျိုးကတော့ မာကျူရီ၊ ခဲ အစရှိတဲ့ သတ္တုခဲတွေ ထုတ်လုပ်မှုပဲ ဖြစ်တယ်။ ဘယ်လို ခေတ်မီ နည်းပညာရှိတဲ့ ကျောက်မီးသွေးစက်ရုံဆိုပါစေ၊ မာကျူရီတွေ ထုတ်မှာတော့ အမှန်ပဲ။ စက်ရုံကို သေချာ ဆောက်ထားတာ မဟုတ်ဘူးဆိုရင် မာကျူရီတွေ အများကြီး ပိုထုတ်တယ်။ အမေရိကန်မှာ ရှိတဲ့ အကောင်းဆုံး ကျောက်မီးသွေးစက်ရုံတောင်မှ မာကျူရီ ၈ ရာခိုင်နှုန်းလောက် ပတ်ဝန်းကျင်ထဲ ထုတ်နေပါတယ်။ အဲဒီ မာကျူရီတွေက မိုးရေထဲ၊ မြေထဲ၊ ပင်လယ်ထဲနဲ့ ရေနေသတ္တ၀ါတွေထဲထိ ရောက်နိုင်တယ်။ ဥပမာ မာကျူရီ သင့်နေတဲ့ ငါးကို လူတွေက စားတဲ့အခါ လူတွေရဲ့ ခန္ဓာကိုယ်ထဲကိုလည်း ရောက်သွားပြီး အသက်အန္တာရယ် ရှိနိုင်တယ်။
သုတေသီ မစ္စတာဆူဖာခစ် နမ်တဗိုရာခမ် Healthy Public Policy Foundation (HPPF) by Dawei Watch

Online Dictionary

အင်္ဂလိပ်-မြန်မာ နဲ့ မြန်မာ-အင်္ဂလိပ် နှစ်မျိုးလုံး အသုံးပြုနိုင်တဲ့ Dictionary ဝက်ဘ်ဆိုက် လေးတစ်ခုပါ။ ဒီဆိုက်ကို NyiMyanmar1 Font အသုံးပြု ထားပါတယ်။ NyiMyanmar1.TTF Font ကို ဒီဆိုက်ကပဲ Download လုပ်ပြီး မိမိကွန်ပျူတာရဲ့ C:\WINDOWS\Fonts Folder ထဲ ကော်ပီကူးထည့်ရုံနဲ့ မြန်မာလို အသုံးပြုလို့ ရပါတယ်။ မိမိရှာဖွေတဲ့ စာလုံးရဲ့ အသံထွက်ကိုလည်း Audio, Video တို့နဲ့ အလျဉ်းသင့်သလို အသံ/အရုပ် ထွက်ပေးပါတယ်။ စကားလုံးတွေကို အဆင့်ဆင့် ခွဲခြားစိတ်ဖြာပြီး ပြုစုထားတဲ့အတွက် အဘိဓာန် စာအုပ်တစ်အုပ်နဲ့ မခြားနားလှပါဘူး။ အသုံးတည့်ကြမယ်လို့ မျှော်လင့်ပါတယ်။ http://dictionary.all-channel.com မှာ ဒေါင်းလုပ်လုပ်ယူနိုင်ပါတယ်။