ကော့သောင်းမြို့မှ ကြိုဆိုပါတယ်

Friday, November 30, 2012

“လက်ပန်းတောင်းတောင်စီမံကိန်းကြီးရပ်ဆိုင်းရေးအတွက် ဆန္ဒပြနေသော ရဟန်းရှင်လူပြည်သူများကို သက်ဆိုင်ရာက အကြမ်းဖက်နှိမ်းနင်းလိုက်ပြီ ”

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအ တွက် ဆန္ဒပြနေကြသော သပိတ်စခန်း(၆)ခုမှ ရဟန်းရှင်လူပြည်သူလူထုနှင့် လက်ပန်းတောင်းတောင်စီမံကိန်း ဧရိယာအနီးရှိ (၂၆)ရွာမှဒေသခံများကို သက်ဆိုင်ရာက လူအင်အား လက်နက်အင်အားသုံး၍ ဖြိုခွင်းနှိမ်နင်း လိုက်ပြီးဖြစ်ကြောင်းသိရသည်။ “နံနက်(၃)နာရီခန့်မှာ အခုလိုစတင်ပြီး ရဲတပ်ဖွဲဝင်တွေဆောင်ရွက်လိုက်တာပါ။စစခြင်း မီးသတ်ကားနဲ့ ရေအားသုံးဖြိုခွဲတယ်။အဲဒါပြီးတော့မှ မီးလောင်ဗုံးခွဲတာပါ။ ၀မ်ပေါင်ကုမ္ပဏီ ရုံးရှေ့က သပိတ်စခန်းကို စတင်ပြီး ဖြိုခွဲပါတယ်။ အဲဒါပြီးတော့ တစ်ဆက်တည်း မှာဘဲ လက်ပန်းတောင်းတောင်စီမံကိန်းဧရိယာအတွင်မှာရှိတဲ့ ဆရာ တော်သံဃာတော်တွေနဲ့ဒေသခံတွေ ရှိနေတဲ့ သပိတ်စခန်းတွေကို လည်း ၀မ်ပေါင်ကုမ္ပဏီရှေ့မှာ ရှိနေတဲ့ သပိတ်စခန်းများနည်းတူ ဖြိုခွဲလိုက်ပါတယ်။ အခုလို ဆန္ဒပြမှုကို အာဏာပိုင်တွေဘက်ကနေ လက်နက်အင်အား လူအင်အားတွေ အစွမ်းကုန်သုံးပြီး ဖြိုခွင်းခဲ့သော်လည်း ဆန္ဒပြ ရဟန်းရှင်လူပြည်သူများဘက်ကတော့ ပြန်လည်ပြီး တိုက်ခိုက်တာမျိုးတွေ လုံးဝမရှိခဲ့ဘဲ အေးအေးချမ်းချမ်းနဲ့ လူစုခွဲခဲ့ကြပါတယ်။လူစုခွဲပြီး အေးအေးဆေးဆေးပြန်လည်ပြီးထွက်ခွာ လာခဲ့ကြတဲ့ ဆရာတော် သံဃာတော်တွေ ပြည်သူတွေကို ရဲတပ်ဖွဲ့က နေလိုက်လံပြီး ခြောက်လှန့် ရိုက်နှက် တာတွေပြုလုပ်လို့ အိမ်ပြန်မရောက်ဘဲ လမ်းသင့်ရာကိုထွက်ပြေးကြရတယ်”လို့ အဆိုပါဆန္ဒပြမှုတွင်ပါဝင် ခဲ့သူတစ်ဦးကဆိုပါတယ်။ ဆန္ဒပြသူတွေထဲမှာ ပြည်သူလူထုအထိအခိုက်များရှိခဲ့ပြီး ရဟန်း သာမဏေများမှာထိခိုက်မှု ပိုမိုပြင်း ထန်ခဲ့တယ်လို့လည်းသိရပါတယ်။(ဖော်ပြပါပုံမှာ ဒဏ်ရာရရှိသွားသော ရဟန်းတစ်ပါး၏ပုံဖြစ်ပါသည်။ 
စိုးမိုးထွန်း(မုံရွာ)

No comments:

Post a Comment